www.khitmarket.com တွင် Register လုပ်ရန်အတွက် အခကြေးငွေ ပေးရန်မလိုပါ။
ဖေါ်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့် မူဝါဒများကို လိုက်နာပေးပါရန် လူကြီးမင်း ကို တိုက်တွန်း လိုပါသည်။
register လုပ်လိုက်သည်နှင့် အောက်ပါအချက်များကို သဘောတူပြီးဖြစ်သည်ဟု မှတ်ယူပါမည်။
(၁) လူကြီးမင်း upload တင်ရောင်းချသည့် file သည် မိမိကိုယ်ပိုင်(သို့မဟုတ်)ပိုင်ဆိုင်သူ၊ ထုတ်လုပ်သူ၊ ဖန်တီးသူမှ ခွင့်ပြုချက်ရှိပြီးသူဖြစ်ရပါမည်။
(၂) ရောင်းချသည့် File နှင့်ပတ်သက်ပြီး တစုံတရာအငြင်းပွားမှုဖြစ်လာပါက upload တင်ရောင်းချသူနှင့်သာ အပြည့်အဝ သက်ဆိုင်မည်ဖြစ်ပြီး upload တင်ရောင်းချသူမှသာ တာဝန်ယူ ဖြေရှင်းရမည်ဖြစ်ပါသည်။
(၃) လူကြီးမင်း အနေဖြင့် Khit Marketplace မှ ၀ယ်ယူထားသော File များကို ထို File ၏ ပိုင်ဆိုင်သူ၊ ထုတ်လုပ်သူ၊ ဖန်တီးသူမှ နှင့် Site ပိုင်ရှင်တို့၏ ခွင့်ပြုချက်မရဘဲ အခြားမည်သည့်နေရာတွင်မှ ပြန်လည် upload လုပ်စရာ မလိုသလို upload လည်း လုပ်ခွင့်မရှိပါ။ ထို့အပြင် စီးပွားရေးအလို့ငှာ လည်းကောင်း၊ အခမဲ့ သော်လည်းကောင်း၊ တဆင့် ပြန်လည် ရောင်းချခြင်း၊ ပေးဝေခြင်း၊ ဖြန့်ချီခြင်း လုပ်ခွင့်မရှိပါ။
(၄) ထိုစည်းကမ်းကို ဖောက်ဖျက်ပါက အကောင့်ဆိုင်းငံ့ခံရမည် (သို့မဟုတ်) သင်ပေးသွင်းထားသော ငွေကြေး Credit များ ဆုံးရှုံးမည်ဖြစ်သည့် အပြင် မူလ ဖိုင်ပိုင်ရှင် ကျေနပ်သည်အထိ ဆောင်ရွက် ပေးရမည်ဖြစ်ပါသည်။
(၅) အခြားသူများ လုပ်ဆောင်ဖန်တီးထားသော အရာများကို ဤနေရာတွင် လာတင်ခွင့်မရှိပါ။
(၆) အခါအားလျှော်စွာ လိုအပ်ချက်အရ ထပ်မံ ပြဌာန်းသော မူဝါဒ များကိုလည်း လိုက်နာရပါမည်။
သင့်အနေနှင့် ထိုစည်းမျည်းစည်းကမ်းများနှင့် သဘောထား မတူညီဘဲ ကွဲလွဲပါက Site admin ထံသို့ message ပို့၍သော်လည်းကောင်း ဖုန်းဆက်ပြီးသော်လည်းကောင်း အကြောင်းကြားပါ သို့မဟုတ် သင့်အကောင့်ကို ပိတ်ရန်အတွက် အကူအညီ တောင်းခံလိုက်ပါ။

Khit Marketplace အနေနှင့် Site ၏ အကျိုးစီးပွားအတွက် လိုအပ်သော မည်သည့် လုပ်ဆောင်ချက်ကို မဆို လုပ်ပိုင်ခွင့် ရှိသည်။

Khit Market